Sunday, January 18, 2015

တဏှာသား​ကောင်

အချိန်ကား စနေနေ့ည ၂ နာရီခွဲ။

လမ်း ၅၀ ထိပ် အနော်ရထာလမ်းမပေါ်။

ကတ္တရာလမ်းမကြီးသည် ငါးရှဥ့်ကြီးတစ်ကောင်လို လူးလွန့်နေသည်။ တိုက်မြင့်များသည် လေထိုးပူဖောင်းရုပ်များလို ယိမ်းထိုးနေကြသည်။ အိုမင်းသော မီးတိုင်များသည် အားနည်းစွာထွန်းလင်းနေသည်။ တချို့မီးလုံးများက ကျွမ်းနေသည်။ အဖုံးမရှိသော ပလက်ဖောင်းရေမြောင်းတစ်ခုဆီ ကျွန်တော် အားယူသွားမိသည်။ ရင်ဘတ်ထဲမှ လှိုင်းတစ်ခု အလုံးလိုက် လိမ့်တက်လာပြီး အရှိန်ပြင်းစွာ ပါးစပ်ထဲမှ အူအခွေလိုက် ထွက်ကျသွားသလို ခံစားလိုက်ရသည်။ လမ်းဘေးပလက်ဖောင်းတွင် ခွေးတစ်ကောင်လို လေးဖက်ထောက်နေမိသည်။ တဖြည်းဖြည်းနှင့် လူက ငြိမ်ကျလာသည်။ ကျွန်တော် အိပ်ပျော်တော့မည်။ ခေါင်းကို အမြန်ခါလိုက်သည်။ အားတင်းပြီး ခြေနှစ်ချောင်းပေါ် ပြန်ရပ်သည်။ လမ်းမရှိရာဘက်ကို ပြန်လျှောက်သည်။ လမ်းလျှောက်သည် ဆိုသည်ထက် ခန္ဓာကိုယ် ယိမ်းထိုးရာအရပ်ဆီသို့ ခြေထောက်တွေက ကသုတ်ကရက်ပို့ဆောင်ပေးနေသည်နှင့် ပိုတူနေသည်။ ကားမီးရောင်။ ကျွန်တော် မျက်လုံးတွေ ပြာသွားသည်။ ကားမီးနှစ်လုံးမှ အလင်းရောင်သည် ကျွန်တော့် စိတ်ဝိညာဉ်ထဲတိုးဝင်လာသလို။ ကျွီကနဲ ကားဘရိတ်အုပ်သံ။ ကားတာယာ ကတ္တရာလမ်းပေါ် ပွတ်ဆွဲသွားသံ။ ညအမှောင်တွင် ၀ံပုလွေတစ်ကောင် ကျွန်တော့်ကို ခုန်အုပ်လိုက်သလို။ ၀ံပုလွေ မျက်လုံးများ ကျွန်တော့်လည်မျိုဆီ ပြေးဝင်လာသလို။ ဘာမှလုပ်ချိန်မရလိုက်တော့။ လက်နှစ်ဘက်ကိုသာ အကာအကွယ်ရလိုရငြား မျက်နှာရှေ့တွင် မြှောက်ကာလိုက်ရသည်။ ကျွန်တော် အော်လိုက်မိသလော။ မပြောတတ်။ ကျွန်တော် ယိုင်လဲကျသွားခဲ့သလော။ မမှတ်မိတော့။

အခန်း ၁

သားရေနံ့ကြမ်းကြမ်းကို နှာခေါင်းထဲတွင် ရမိသည်။ ပါးတစ်ဘက်တွင် သားရေပြားတစ်ပြားက ကော်နှင့်ကပ်ထားသလို။ ကျွန်တော့်ကိုယ် တစ်ခြမ်းစောင်းနေသည်။ ခနနေတော့ တစ်ကိုယ်လုံး လေထဲမြောက်တက်သွားသည်။ ဦးခေါင်းထဲတွင် ချားရဟတ်စီးနေရသလို ခံစားမိသည်။ ကျွန်တော့် ကိုယ်လုံးကို တည့်မတ်ဖို့ ကြိုးစားသည်။ ကျွန်တော့် လက်နှစ်ချောင်းလုံး ငှက်ပျောရွက်ကြီးတွေလို ပျော့ဖလတ်နေသည်။ ဘေးတစောင်းလဲနေရာမှ တည့်တည့်ထိုင်ထမိသည်။
   တက်စီတစ်စီး၏ နောက်ခန်းထဲတွင် ကျွန်တော် ရောက်နေသည်။ ကျွန်တော့်လက်က ဘောင်းဘီအိတ်ထဲမှ ပိုက်ဆံအိတ်ကို အလိုအလျောက်စမ်းမိသွားသည်။ ရှိသေးသည်။ ကျွန်တော့်ရှေ့ ဘယ်ဘက်မျက်စောင်းထိုးတွင် ဒရိုင်ဘာက ကားကို အေးအေးဆေးဆေးမောင်းလျက်ရှိသည်။ ဘယ်ကိုသွားနေသနည်း။ ကျွန်တော်သူ့ကို ဘာပြောခဲ့သနည်း။
   ကားပြတင်းမှ အပြင်ကိုကြည့်လိုက်တော့ အရာအားလုံး မှုန်ဝါးနေကြသည်။ အပြင်တွင် မိုးရွာနေသလို။ ဆီးနှင်းတွေကျနေသလို။ ဘေးပြတင်းမှတင်မဟုတ်။ ကားရှေ့ပြတင်းမှကြည့်လျှင်ပင် အရှေ့ကို ကောင်းစွာ မမြင်ရ။ ကားဆရာကတော့ အေးဆေးပင် ဆက်မောင်းနေသည်။ အရက်မူးမနေသည့် သာမန်အချိန်ဆိုလျှင် ကျွန်တော် ကားကို ရပ်ခိုင်းမိလိမ့်မည်ထင်သည်။ အရက်ကြောင့် လူတစ်ကိုယ်လုံး ထုံနေသည်။ ကြောက်စိတ်တွေလည်း ခန္ဓာကိုယ်လိုပင် ထူအမ်းနေသယောင်ရှိသည်။ ကျွန်တော် စိတ်မပူခဲ့မိ။

‘နိုးလာပလား’
ကားဆရာက လှည့်မကြည့်ဘဲ လှမ်းပြောသည်။ ကားရှေ့ခုံနှင့် နောက်ခုံအကွာအဝေးဖြစ်သော်လည်း သူ့အသံက ဟိုးအဝေးကြီးမှ လာသလို ကြားလိုက်ရသည်။ တိုင်းရင်းသားအသံလို ၀ဲနေသည်ကို သတိထားမိလိုက်သည်။
‘အာ.. ဟုတ်ကဲ့’
ခေါင်းကို လက်တစ်ဘက်နှင့် ဖိနှိပ်ရင်း မသက်မသာ ပြန်ပြောမိသည်။ အမူးလွန်သည့် အဖြစ်ကြောင့် နည်းနည်းလည်း ရှက်နေမိသည်။
‘ဘယ်သွားမလဲ’
ကျွန်တော် သူ့ကို ဘယ်မောင်းရမလဲ မပြောရသေးကြောင်း သဘောပေါက်သွားသည်။ ဒါဆို အခု ဘယ်ကိုမောင်းနေတာလဲ။ အရေးမကြီးတော့။ ကျွန်တော် အမူးလွန်နေချိန်တွင် တင်ခေါ်လာသည်ကိုပင် ကျေးဇူးတင်ရမည်။

‘ဘယ်အချိန်ရှိပြီလဲ’
ကားဒရိုင်ဘာက ဂီယာဘေးမှ ကားနာရီကို လက်ညွှန်ပြသည်။ နာရီက မနက် ၃ နာရီတိတိ။ ကျွန်တော် မူးပြီးမှောက်သွားခဲ့သည်မှာ သိပ်မကြာလှသေး။
‘ဘယ်သွားမလဲ’
တိုင်းရင်းသားသံဖြင့် သူထပ်မေးသည်။ အသေအချာနားထောင်ကြည့်သည့်အခါ ရှမ်းပြည်ဘက်မှ အသံမျိုးဟု ကျွန်တော်ထင်မိသည်။

‘အာ… ဟို… အခုဘယ်နားမှာလဲ’
‘ဆရာ ဘယ်သွားမလဲပဲပြောပါ။ ကျွန်တော် ပို့ပေးမယ်’

သူ့စကားထဲတွင် သွယ်ဝိုက်သော အဓိပ္ပါယ်တစ်ခုပါနေသည်ဟု ကျွန်တော် ရိပ်မိလိုက်သည်။ ယောက်ျားသားချင်းသာ နားလည်သော အဓိပ္ပါယ်မျိုး။ ကျွန်တော် တခနကြာအောင် နှုတ်ဆိတ်သွားသည်။ ကားဆရာက စိတ်ရှည်ရှည်ဖြင့် စောင့်ရင်း ကားကို ဆက်မောင်းနေသည်။ သူ့အတွက် ဒါမျိုးအတွေ့အကြုံ များလှပြီဖြစ်ပေလိမ့်မည်။ သူ့ကို ကျွန်တော် မသိမသာ အကဲခတ်မိသည်။ ခေါင်းပေါ်တွင် ဂျင်းဦးထုပ်အ၀ိုင်းတစ်လုံးကို ဆောင်းထားသည်။ ဂျင်း ဂျက်ကက်လက်ရှည်ကို ၀တ်ထားသည်။ အနောက်ကကြည့်လျှင် သူဝတ်ထားသော ဂျင်းဦးထုပ်နှင့် အင်္ကျီမှအပ ဘာကိုမှ မမြင်ရ။

‘အေးဆေးနားလို့ရမယ့် နေရာတစ်ခု….
အဖော်ကောင်းကောင်းလေးနဲ့ ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့…’

နောက်ဆုံးစကားလုံးတွေကိုပြောရင်း ကျွန်တော့်အသံ တိုးဝင်သွားသည်ကို သတိပြုလိုက်မိသည်။ ရှက်ခြင်းလော။ အပြစ်ရှိသလို ခံစားရခြင်းလော။ ကားဆရာက ဘာမှပြန်မပြောဘဲ ဂီယာကို ချိန်းလိုက်ပြီး ကားကို ညာဘက်လမ်းသွယ်တစ်ခုထဲသို့ ကွေ့ချလိုက်သည်။ ကျွန်တော် ခေါင်းကို ရှေ့ဆိုဖာခုံပေါ်သို့ စိုက်ချပြီး မျက်လုံးကို မှိတ်ထားမိသည်။ ကျွန်တော့် စိတ်အာရုံ ဟိုးအဝေးကို လွင့်ထွက်သွားသည်။ ကျွန်တော့် မျက်လုံးထဲတွင် အတွေးပုံရိပ်တွေ သူ့အလိုလို ပေါ်လာမိသည်။

အခန်း ၂

အင်းလျားကန်ပေါင်ရိုးကို ဖြတ်ပြီးတိုက်ခတ်နေသော လေပြည်ညင်းထဲတွင် သူမ၏ ဆံနွယ်ခွေတွေ ဝေ့ယမ်းနေခဲ့သည်။ သူမ ကျွန်တော့်ပေါင်ပေါ်တွင် ခေါင်းအုံးပြီး ဘေးစောင်းလှဲနေသည်။ ကျွန်တော်တို့ နှစ်ယောက်လုံး ကန်ရေပြင်ကျယ်ကြီးကို ငေးကြည့်နေကြသည်။
‘လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ နှလုံးသားလောက်သာ ကြီးကျယ်မြင့်မြတ်မယ်ဆိုရင် သိပ်ကောင်းမှာပဲနော်’
ကန်ရေပြင်ပေါ်မှ လှိုင်းကြက်ခွပ်လေးတွေကို ငေးရင်း သူမရုတ်တရက်ပြောလိုက်သည်။ ကျွန်တော် သူမကို ငုံ့ကြည့်မိသည်။ နက်မှောင်သော ဆံနွယ်တွေက ပခုံးကျော်အောင် ပြည်ကျနေပြီး ဖြူဝင်းသော လည်တိုင်ပေါ်တွင် ကပိုကရို လွန့်လူးနေသည်။ ကျွန်တော် သူမဆံပင်တွေကို အသာအယာ ပွတ်သပ်မိသည်။ သူမ၏ ဆံနွယ်ခွေတွေမှ သင်းပျံ့သော ရနံ့ကို နှစ်ခြိုက်စွာ ရှူရှိုက်မိသည်။ တစ်ကမ္ဘာလုံးတွင် ကျွန်တော် အမြတ်နိုးဆုံးသော ရနံ့တစ်မျိုးပင် ဖြစ်လေသည်။
‘မ ဘာကို ဆိုလိုတာလဲ’
ကျွန်တော့်ထက် အသက်တစ်လသာ ကြီးသော်လည်း သူမကို ‘မ’ ဟု ကျွန်တော် မြတ်နိုးစွာ ခေါ်မိသည်။
‘နှလုံးသားထဲက ခံစားချက်တွေကို ဦးနှောက်က ဘယ်တော့မှ လိုက်မမီလို့လေ’
‘မ နှလုံးသားထဲမှာ အခု ဘာတွေ ခံစားနေရလို့လဲ’
ကန်ရေပြင်ကို ကြည့်နေရာမှ ခေါင်းကိုမော့ပြီး သူမ ကျွန်တော့်ကို ကြည့်လိုက်သည်။ ထိုမျက်လုံးများနှင့်ပင် သူမကျွန်တော့်ကို ညှို့စားခဲ့ခြင်းဖြစ်ပြီး ယခုတိုင်အောင်လည်း ညှို့စားနိုင်တုန်းပင် ဖြစ်လေသည်။
‘မ နှလုံးသားထဲမှာ ဘာတွေ ခံစားနေရသလဲ ဟုတ်လား။ အဲဒါတွေကို ပြောမပြနိုင်လို့ပေါ့ မောင်ရယ်။ ဦးနှောက်က ခံစားမှုတွေကို ဖော်ပြနိုင်ဖို့ စကားလုံးတွေ မရှာနိုင်ဘူး ဖြစ်နေတယ်’
‘မ က စာရေးဆရာမတစ်ယောက်ပဲ။ သူများထက်တော့ အဲဒီနေရာမှာ သာပါတယ်’
‘စာအုပ်တစ်အုပ်မှ မထုတ်ရသေးတဲ့ စာရေးဆရာမလို့ပြောပါ’
‘မ အသက်က အခုမှ နှစ်ဆယ့်ငါးပဲ ရှိပါသေးတယ်။ မကြာခင်မှာ စာအုပ်တွေ ထွက်လာမှာပေါ့’

ကျွန်တော် စကားပြောရင်း သူမတစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံးကြည့်မိသည်။ ခေတ်ဆန်စွာ ၀တ်စားထားသော မ သည် ညနေခင်းနေရောင်ခြည်၏ အောက်တွင် အစွမ်းကုန် လှပနေလေသည်။ သူမ၏ အသားအရေသည် ဖြူဝင်းလှသည်။ ပြည့်ဖြိုးသော ရင်သားစိုင်တို့သည် ပါးလွှာသော အင်္ကျီအောက်မှ ရုန်းထနေသယောင်။ ကျွန်တော် မ ၏ ခြေထောက်တွေကို ကြည့်မိသည်။ မ က အမြဲ ပေါင်လယ်လောက်ရှိသော စကတ်ကို ၀တ်တတ်သည်။ သူမ၏ ခြေသလုံး ပေါင်လုံးများတွင် အမြဲလိုလို အမွေးတစ်ပင်မျှ မရှိတတ်။ ရိတ်ထားသလော။ ဖယောင်းကပ်ခွာဖြင့် ရှင်းထားသလော။ ကျွန်တော် တစ်ခါမှ မမေးမိဖူးပေ။
   မ ၏ ခန္ဓာကိုယ်သည် ဆန့်ကျင်ဘက်လိင်ကို ပြာကျသွားလောက်အောင် ဆွဲဆောင်အား ကောင်းလှသော်လည်း မ သည် လိင်နှင့် ပတ်သက်လာလျှင် လွန်စွာ တင်းကျပ်သူတစ်ဦး ဖြစ်လေသည်။ ကျွန်တော်နှင့် ချစ်သူဖြစ်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်းတွင် ကျွန်တော့်ကို မည်သည့်အခွင့်အရေးမျှ မပေးခဲ့ပေ။ နမ်းရှုပ်ခွင့်ပင် မရခဲ့ပေ။ ကျွန်တော် မ၏ ပါးကို နှစ်ကြိမ်သာ နမ်းခွင့်ရခဲ့သည်။ ကျွန်တော် မကြိုးစားခဲ့သည်မဟုတ်။ အစပိုင်းတွင် ကြိုးစားခဲ့ပါသေးသည်။ ကျွန်တော်သည် ရဟန္တာမဟုတ်ခဲ့ပါ။ သူလိုကိုယ်လို ယောက်ျားသားတစ်ယောက်ပင် ဖြစ်ပါသည်။ ပထမအကြိမ်မှာ ရုပ်ရှင်ရုံတစ်ရုံထဲတွင် ရုပ်ရှင်ကြည့်ရင်းဖြစ်သည်။
   အမှောင်ထဲတွင် ကျွန်တော့်၏ လက်ချောင်းများ မ ၏ ပုခုံးကို ဖက်ရင်း အောက်သို့ မသိမသာ လျှောကျသွားခဲ့သည်။ မ က ကျွန်တော့် လက်ကို အသာအယာ ဖယ်ထုတ်ပစ်လိုက်သည်။ ဒါပါပဲ။ သူမ ကျွန်တော့်ကို ဘာမှ မပြောခဲ့။ စိတ်ဆိုးသည့် အမူအယာပင် မပြခဲ့ပါ။ သို့သော် ကျွန်တော့်အတွက်မူ စိတ်ဆိုးခြင်း ခံရသည်ထက်ပင် ပိုအခံရခက်ခဲ့လေသည်။ သူမ၏ အပြုအမူက လာနားသည့် ယင်ကောင်တစ်ကောင်ကို မတူမတန်သလို ဖယ်ထုတ်လိုက်သလို ဖြစ်နေခဲ့သောကြောင့်ပင်။
   ဒုတိယတစ်ခေါက်ကတော့ ကိုယ်ထိလက်ရောက်မဟုတ်ဘဲ ကျွန်တော် စကားဖြင့် အသာ တောက်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်တည်း အေးအေးဆေးဆေးရှိမည့်နေရာမျိုးကို သွားရအောင်ဟု သူမကို ပြောခဲ့မိသည်။ သူမက အေးဆေးစွာပင် ကျွန်တော့်မျက်လုံးများကို တည့်တည့်ကြည့်ပြီး ပြန်ပြောလေသည်။
   ‘မောင်။ မ အသက် နှစ်ဆယ့်ခြောက်နှစ် မပြည့်ခင် အိမ်ထောင် မပြုချင်သေးဘူး။ အိမ်ထောင်မပြုခင် လိင်ကိစ္စနဲ့ ပတ်သက်ပြီး အလျင်မလိုချင်ဘူး။ အဲဒီအတွက် မောင့်အနေနဲ့ အခက်အခဲ ဖြစ်နေမယ် ဆိုရင်တော့ မ တောင်းပန်ပါတယ်’
   သူမပြောခဲ့ပုံက အလွန်ကို တည်ငြိမ်နေခဲ့သည်။ သူမသည် သူမဘာလိုချင်သလဲ ဘာဖြစ်ချင်သလဲဆိုသည်ကို အမြဲသိနေခဲ့သည့် မိန်းကလေးတစ်ယောက်ဖြစ်ခဲ့သည်။ နှစ်ဆယ့်ခြောက်နှစ်။ တစ်နှစ်သာ လိုတော့သည် ဆိုသော အသိနှင့် ကျွန်တော် မျိုသိပ်ခဲ့သည်။
   မ က အသက် နှစ်ဆယ့်ငါးနှစ်သာ ရှိသေးသော်လည်း စီးပွားရေးလောကတွင် အလွန် အောင်မြင်နေပါပြီ။ နိုင်ငံတကာ ခရီးသွားလာရေးနှင့် ပတ်သက်သော လုပ်ငန်းကြီးတစ်ခုကို ဦးစီးနေသူဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်သော်လည်း မ ၏ အိပ်မက်က စာရေးဆရာမတစ်ယောက် ဖြစ်ချင်ခြင်းပင်။ သို့သော် သူမ၏ လက်ရာများကို မည်သည့်စာပေတိုက်ကမှ ထုတ်ဝေခြင်းမရှိသေးပေ။ မည်သည့် မဂ္ဂဇင်းကမှလည်း ရွေးချယ် မဖော်ပြဖူးသေးပေ။
   မ ၏ ငွေကြေးအခြေအနေနှင့်ဆိုလျှင် သူမကိုယ်တိုင် အရင်းအနှီးစိုက်ထုတ်ပြီး သူမ စာအုပ်တွေကို ကိုယ်တိုင်ထုတ်ဝေနိုင်ပါသည်။ သို့မဟုတ်လည်း သူမ ချမ်းသာကြွယ်ဝမှုကို သိသော ထုတ်ဝေသူအချို့က မျက်နှာလိုမျက်နှာရ ထုတ်ပေးမည်မှာ သေချာလှပါသည်။ သို့သော်လည်း သူမက သူမ၏ လက်ရာများကို ငွေကြေးသြဇာမပါဘဲ ပရိသတ်ထံ ရောက်စေချင်ခဲ့သည်။ ကျွန်တော် တစ်ခါက သူမကို အကြံပေးဖူးသည်။
   ‘စာရေးဆရာဆိုတာ အမြဲ အဆက်အသွယ်က လိုတာပဲ။ မ ဒီလိုပဲ စာတိုက်က စာမူတွေ ပို့နေလို့ကတော့ အယ်ဒီတာတွေက ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်မှာလေ။ နောက်ပြီး ကိုယ်တိုင် ထုတ်ပြီးတော့လည်း မကောင်းရင် မရောင်းရရုံရှိမှာပေါ့’
   ‘စာပေလောကမှာ အောင်မြင်လာတဲ့ စာရေးဆရာတိုင်း အောက်ခြေက စတက်ရတာ ချည်းပါပဲ။ မ က သူတို့ရဲ့ လမ်းအတိုင်းပဲ လိုက်ချင်တယ်’
   ကျွန်တော့် ချစ်သူကား ခေါင်းမာလွန်းသူ တစ်ယောက်ဖြစ်တော့သည်။

   မနှင့် ချစ်သူဖြစ်ရသည့် ကာလတစ်လျှောက်တွင် ကျွန်တော် အမှန် ပျော်ခဲ့ရပါသည်။ တစ်ခုတည်းသော အခက်အခဲမှာ လိင်ကိစ္စပင် ဖြစ်ခဲ့သည်။ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ယောက်ျားလေးတစ်ယောက်အဖို့ လိင်စိတ်သည် အထွတ်အထိပ်သို့ ရောက်နေခဲ့သည်။ မ ကို လေးစားသောစိတ်။ တန်ဖိုးထားသော စိတ်တို့ဖြင့် ကျွန်တော့်အနေနှင့် အတတ်နိုင်ဆုံး စောင့်ထိန်းခဲ့ပါသည်။ ပိုက်ဆံပေးပြီး ပျော်ရသော နည်းဖြင့်ပင် မဖြေရှင်းခဲ့ပေ။ မထိန်းနိုင်သော အခါများတွင်မှ တစ်ကိုယ်တည်းသာ ကိစ္စပြီးခဲ့မြဲ ဖြစ်သည်။ အလွန်ဆွဲဆောင်မှုအားကောင်းလှသော မိန်းကလေးတစ်ယောက်အနီးတွင် ထိုသို့ စောင့်ထိန်းရသည်မှာ အလွန် ခက်ခဲပင်ပန်းလှသော်လည်း မနှင့် တွေ့သည့်အခါတိုင်း ကျွန်တော့်မှာ သူမ၏ စကားများ၊ အတွေးအခေါ်များ၊ အပြုအမူများတွင်သာ နစ်မျောသွားရစမြဲ ဖြစ်တော့သည်။
   ကျွန်တော့်အကြောင်းကို ပြောရလျှင်မူ ငွေကြေးအရ မ အပေါ်တွင် တစ်နည်းအားဖြင့် မှီခို နေရသူတစ်ယောက်ဖြစ်သည်။ သိုက်တူးသမားတစ်ယောက်ဟုပင် အချို့က ခေါ်နိုင်ပါသည်။ သို့သော် ရောဂါသည် အမေအိုကြီးကို ဆေးဝါးကုသဖို့ ငွေကြေးအမြဲလိုနေသော လူတစ်ယောက်အဖို့ ထိုသို့ခေါ်ဆိုခြင်းကို ကျွန်တော်ခံရဲပါသည်။ မိခင်တစ်ယောက်၏ အသက်ကို ကယ်တင်ရန် ကျွန်တော် သိုက်သမားတစ်ယောက် အဖြစ်ခံနိုင်ပါသည်။ သို့သော်လည်း အဖြစ်မှန်ကို ပြောရလျှင် ကျွန်တော်ကား လူယုတ်မာတစ်ယောက်မဟုတ်ပါချေ။ ကလေကချေ တစ်ယောက်လည်း မဟုတ်ပါချေ။ ကျွန်တော်သည် ဘွဲ့လွန်သင်တန်းတက်ရင်း ရုန်းကန်နေရသော ဆရာဝန်ပေါက်စတစ်ယောက်ဖြစ်ပါသည်။ မ အနေနှင့်လည်း ကျွန်တော့်ကို မဆင်မခြင်ဘဲ အလဟဿ ပိုက်ဆံအမ်းပြီး တွဲနေခြင်း မဟုတ်ကြောင်း ကျွန်တော် သဘောပေါက်မိသည်။ ကျွန်တော်သာ ကလေကချေတစ်ယောက်ဆိုလျှင် အသိဥာဏ်ရှိသော မ အနေနှင့် ကျွန်တော့် အတွက် အချိန်ကုန်ခံမည် မဟုတ်ပါ။ မ အတွက် ကျွန်တော့် ထံတွင် သူမ နှစ်ခြိုက်တန်ဖိုးထားသော အရည်အချင်းများ ရှိနေသောကြောင့် ဖြစ်ပါလိမ့်မည်။ ရိုးသားခြင်း၊ ကြိုးစားခြင်း၊ မိဘကျေးဇူးသိခြင်း၊ ….. စောင့်ထိန်းတတ်ခြင်း။

အခန်း ၃

ရင်ထဲမှ ၀မ်းနည်းသလိုဖြစ်လာပြီး ကျွန်တော် မျက်ရည်များ ၀ိုင်းလာမိသည်။ ကျွန်တော် ကားဆရာကို နောက်ပြန်လှည့်ခိုင်းရန် စိတ်ကူးမိသည်။ သို့သော် ကျွန်တော် နှုတ်ခမ်းအစုံသည် လေဖြတ်နေသူ၏ နှုတ်ခမ်းများလို လှုပ်မရဘဲ ဖြစ်နေခဲ့သည်။ ကျွန်တော့်လျှာတစ်ခုလုံးလည်း လေးလံနေခဲ့သည်။ ကားက ရုတ်တရက် ထိုးရပ်သွားသည်။

‘ရောက်ပြီဆရာ။ ဒီမှာပဲ’
‘ဘယ်လောက်ကျသလဲ’

ကျွန်တော့်ပါးစပ်မှ စကားသံကို ပြန်ကြားလိုက်ရသလို။ တစ်စုံတစ်ရာက ကျွန်တော့်ခန္ဓာကိုယ်ကို ကြိုးဆွဲထားသလို။ ကိုယ့်ကိုယ်ကို အစိုးမရတော့သလို ခံစားနေမိသည်။ ကျသင့်ငွေကို လှမ်းပေးတော့ ကားဆရာက လှည့်မကြည့်ဘဲ အသာယူလိုက်သည်။ ကျွန်တော် ကားတံခါးကို ဖွင့်ပြီး ဒယိမ်းဒယိုင် ကားပေါ်မှ ဆင်းသည်။ တက်စီက တကျွီကျွီ အသံပြုပြီး ဖြေးညင်းစွာ မောင်းထွက်သွားသည်။
အာ… ငါ သူ့ဆီက ဖုန်းနံပါတ်တောင်းလိုက်ရမှာ။  အပြန်တော့ ဒုက္ခပဲ…
ကျွန်တော့် အသုံးမကျမှုအတွက် နောင်တရမိသည်။ သို့သော် ဟိုတည်ဝန်ထမ်းများ ကူညီနိုင်မှာပဲဟုသာ စိတ်ဖြေရလေသည်။ ကိုယ်ကို တည့်မတ်အောင်ရပ်ရင်း ကျွန်တော်ရောက်နေသော ပတ်ဝန်းကျင်ကို ကြိုးစားပြီး အကဲခတ်ကြည့်လိုက်သည်။

Title: Re: တဏှာ သားကောင်
Post by: freakshow on February 20, 2014, 04:20:35 AM
ကျွန်တော့်စိတ်ထဲတွင် လမ်းကြားတစ်ခုထဲ ခြံတစ်ခြံရှေ့တွင် ကျွန်တော့်ကို ကားပေါ်မှ ချပေးခဲ့သည်ဟု ထင်ခဲ့မိသော်လည်း သတိထားကြည့်လိုက်သောအခါ လမ်းကြားထဲတွင် မဟုတ်ဘဲ ခြံကျယ်ကြီး တစ်ခုအထဲတွင် ဖြစ်နေကြောင်း တွေ့ရလေသည်။ ခြံကြီးက ဥယျာဉ်ကြီးတစ်ခုနီးပါး ကျယ်ဝန်းလှပြီး ကျွန်တော့်ရှေ့တွင် ဧရာမ ရှေးဟောင်း တိုက်အိမ်အိုကြီးတစ်လုံးကို တွေ့လိုက်ရသည်။ တက်စီကို မြင်ရလိုမြင်ရသေးငြား နောက်သို့လှမ်းမျှော်ကြည့်လိုက်သောအခါ တိုက်အိုကြီးရှေ့ မြက်ခင်းကျယ်ကြီးအလွန် ဂိတ်တံခါးမကြီးမှ ခပ်ဖြေးဖြေးထွက်သွားသည်ကိုသာ တွေ့လိုက်ရတော့သည်။ ကျွန်တော် ဘာလုပ်ရမည်နည်း။ ခြံကြီးကို ဖြတ်လျှောက်ကာ ဂိတ်မှ အပြင်သို့ပြန်ထွက်ရန် စဉ်းစားမိသေးသည်။ သို့သော် လောလောဆယ် ကျွန်တော့်မှာ လုံလောက်သော အင်အားမရှိတော့သလို ခံစားမိသည်။ အိမ်ထဲဝင်ပြီး အကူအညီတောင်းကာ လှည့်ပြန်ရန်ပဲ ဆုံးဖြတ်လိုက်ရသည်။

အိမ်အိုကြီး၏ ရှေ့ဘက်မျက်နှာစာ ဆင်ဝင်ကြီးအောက်ကို ကျွန်တော် တဖြည်းဖြည်းလျှောက်သွားမိသည်။ ဆင်ဝင်အောက်တွင် မီးလုံးတစ်လုံးကို ခပ်မှိန်မှိန်ထွန်းထားသည်။ ၀ိတ်တာ သို့မဟုတ် ခြံစောင့် တစ်ယောက်တစ်လေ တွေ့လိုတွေ့ငြား ကျွန်တော် လိုက်ရှာမိသည်။ သူခိုးနှင့်မှားပြီး အရိုက်ခံရမှာလည်း ကြောက်ရသေးလေသည်။ အိမ်ရှေ့တံခါးမကို သံဘာဂျာတံခါးဖြင့် ပိတ်ထားသည်ကိုတွေ့ရသည်။ သို့သော် သံတံခါးကို သော့ခတ်မထား။ စေ့ရုံသာ စေ့ထားခြင်း ဖြစ်လေသည်။ အိမ်ကြီး၏ အရာရာတိုင်း ရှေးဆန်လွန်းနေသည်ကို ကျွန်တော်သတိထားမိလိုက်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက အိမ်ကြီးပေလော။ ဒီမျှလောက်ကြီးသော ခြံကြီး၊ အိမ်အိုကြီး ရန်ကုန် မည်သည့်နေရာမှာ ရှိနိုင်မည်နည်း။ ကျွန်တော့်လို လူမွဲ ဆရာဝန်ပေါက်စ တစ်ယောက်အဖို့ မသိနိုင်ပေ။ ဒီလို ကြီးမားသည့်နေရာမျိုးတွင် မည်သူကလာပြီး ဘိ လာဖွင့်ထားပါသနည်း။ ကျွန်တော် ကြားဖူးသည့် အကြီးစား ပြည့်တန်ဆာခေါင်းကြီးတစ်ယောက်၏ နေရာပေလော။

ကလင် .. ကလင်...

သံတံခါးဘေးမှ လူခေါ်ခေါင်းလောင်းကို ကျွန်တော် ဆွဲလိုက်မိသည်။ အိမ်ထဲတွင် လုံးဝ မှောင်အတိကျနေသည်။ တစ်အိမ်လုံး ဘာသံမှ မကြားရ။ အလွန်ကြီးမားသည့် အိမ်ကြီးတစ်လုံးထဲတွင် လူတစ်ယောက်မျှ ရှိပုံမရပေ။ တက်စီသမားတော့ ငါ့ကို ချောက်ချသွားပြီဟု ထင်လိုက်သည်။ သို့မဟုတ် ၀န်ထမ်းတွေအားလုံး အားလပ်ရက် ခရီးများ ထွက်သွားကြလေသလား။ ကျွန်တော့် ခေါင်းထဲတွင် အတွေးပေါင်း သောင်းခြောက်ထောင်နှင့် ပြည့်နေစဉ်မှာပင် အိမ်အတွင်းပိုင်းဆီမှ ခြေသံလိုလို ကြားလိုက်ရသည်။ ဟိုး အဝေးကြီး အတွင်းဘက်ဆီမှ ပေါ်လာသော ခြေသံ။ တရှပ်ရှပ်နှင့် ခပ်မှန်မှန်လျှောက်လာသော ခြေသံက တဖြည်းဖြည်းနီးကပ်လာသည်။ အိမ်အတွင်းပိုင်းဆီမှ ခြေသံနှင့် အတူ မီးရောင်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ကျွန်တော် နေရာမှ မရွေ့ဘဲ စိတ်ဝင်တစား ရပ်ကြည့်နေမိသည်။

ကျွန်တော်သည် ခေတ်လူငယ်တစ်ယောက်ပီပီ သူရဲတစ္ဆေများကို အယုံအကြည်ရှိတတ်သူ တစ်ယောက်မဟုတ်ပါ။ သို့သော်လည်း ထို ခဏမှာတော့ အဆိုပါ အိမ်အိုကြီး၏ ဆင်ဝင်အောက် တံခါးမကြီးရှေ့တွင် ရပ်နေရင်း အိမ်ထဲဆီမှ ထွက်လာသောအရာသည် တစ္ဆေတစ်ကောင်အမှန်ဖြစ်သည်ဟု တစ်ထစ်ချထင်ခဲ့မိပါသည်။

ထိုအရာသည် လူပုံသဏ္ဍာန်ရှိပြီး ဖြူဖွေးရှည်လျားသော ၀တ်ရုံရှည်ကို ခြုံထားခဲ့သည်။ မီးရောင်က သူ၏ ခေါင်းပေါ်တည့်တည့်တွင် တောက်ပနေပြီး သူခန္ဓာကိုယ်နှင့်အတူ ကျွန်တော်ရှိရာသို့ ဦးတည်လွင့်မျောလာနေသည်။ တခဏအတွင်းမှာပင် တစ္ဆေကောင်သည် ကျွန်တော်၏ လက်တစ်ကမ်းအကွာအဝေးသို့ ရောက်လာခဲ့သည်။

ဝင်လို့ရပါတယ်.. တံခါးဖွင့်ထားပါတယ်...

တစ္ဆေကောင်က အလွန်သာယာနာပျော်ဖွယ်ကောင်းသော အမျိုးသမီးအသံဖြင့် ကျွန်တော့်ကို ဖိတ်ခေါ်လိုက်လေသည်။ ကျွန်တော့်မျက်လုံးများကို ပွတ်သပ်ပြီး အသေအချာပြန်ကြည့်မိသည်။ အသက်သုံးဆယ်ကျော်အရွယ်အမျိုးသမီးတစ်ယောက်။ အဖြူရောင် ည၀တ်ဂါဝန်ရှည်ကို ၀တ်ထားပြီး လက်က ဖန်မီးအိမ်တစ်လုံးကို ခေါင်းပေါ်တွင် မြှောက်ကိုင်ထားသည်။ ကတုံးဆံတောက်နီးပါး တိုအောင် ရိပ်ထားသော သူမ၏ ဆံပင်မှာ အနောက်တိုင်းသူဆံပင်လို ရွှေရောင်သမ်းနေသည်။ မျက်နှာမှာတော့ အာရပ်သူလိုလို အိန္ဒိယတိုင်းသူလိုလို။ အရပ်အမောင်းကလည်း ကျွန်တော့်ထက်ပင် မြင့်မားထွားကျိုင်းလှသည်။ ည၀တ်ဂါဝန်အောက်တွင် ဘာကိုမှ သူမ ၀တ်မထားပေ။
Title: Re: တဏှာ သားကောင်
Post by: freakshow on February 20, 2014, 04:49:09 AM
အလွန်ပါးလွှာလှသော ည၀တ်ဂါဝန်၏အောက်တွင် သူမ၏ ခန္ဓာကိုယ်သည် မိမွေးတိုင်းဖမွေးတိုင်း ရှိနေတော့သည်။ သူမ၏ အသားအရေသည် မီးအိမ်မှ ဆီမီးရောင်၏အောက်တွင် ၀င်းလဲ့နေသည်။ အာရှသူများကဲ့သို့ဝါခြင်းလည်းမဟုတ်၊ အနောက်တိုင်းသူများကဲ့သို့ ဖြူခြင်းလည်းမဟုတ်။ အရှေ့အလယ်ပိုင်း အာရပ်သူများ၏ အသားအရေအတိုင်း နုညက်ပြီး ဖွေးဥသော အသားအရေမျိုးဖြစ်လေသည်။ သူမ၏ ကျယ်ဝန်းသော မျက်လုံးများသည် ကျွန်တော့်ကို စူးရှစွာ အကဲခတ်ကြည့်ရှူနေသည်။ ကျွန်တော့်မှာ ထိတ်လန့်မှုမှ ယခုပင် လန့်နိုးလာရသည့်ကြားထဲ သူမ ခန္ဓာကိုယ်ကို ငေးမကြည့်မိအောင် သူမ၏ မျက်နှာကိုသာ အာရုံထားရန် ကြိုးစားနေရတော့သည်။

ကြိုးစားနေသည့်ကြားမှ မျက်လုံးက သူမ၏ ရင်သားနှင့် ကိုယ်လုံးအောက်ပိုင်းဆီသို့ စက္ကန့်ပိုင်းခန့်ဆီ ရောက်ရောက်သွားမိပြန်သည်။ ည၀တ်ဂါဝန်မှာ အရှေ့မှ ခွဲထားသော ၀တ်စုံမျိုးဖြစ်ပြီး တစ်ထည်လုံးတွင်မှ ကြယ်သီး လေးလုံးခန့်သာ ပါပုံရလေသည်။ ကြယ်သီးမရှိသောနေရာများတွင် ၀တ်စုံက လျော့လျဲစွာနှင့် ဟနေရာ အတွင်းမှ အစိတ်အပိုင်းများအားလုံးကို စူးစိုက်ကြည့်စရာမလိုပဲ ရှင်းလင်းထင်ရှားစွာ အတိုင်းသားမြင်နိုင်နေတော့သည်။

သူမက မီးအိမ်ကို မြှောက်ကိုင်ထားရင်း သံတံခါးကို လက်တစ်ဘက်ဖြင့် ဆွဲဖွင့်ပေးလိုက်သည်။ မီးအိမ်မြှောက်ထားသော လက်မောင်းအောက် ဟိုက်ကျနေသော ဂါဝန်ကြားမှ အမွေးအမှင်တစ်စုံတရာမရှိသော သူမ၏ ချိုင်းကြားကို ကျွန်တော် တွေ့လိုက်ရသည်။ ချိုင်းအောက်နားမှ မို့ဖောင်းဆင်းသွားသော သူမ၏ ရင်သားတစ်စိတ်တစ်ပိုင်းကိုလည်း ဖြတ်ကနဲ မြင်လိုက်ရလေသည်။ ကျွန်တော် ရှေ့တစ်လှမ်းတိုးပြီး အိမ်ထဲဝင်ရန်ပြင်လိုက်စဉ်မှာ သူမခန္ဓာကိုယ်မှ ကိုယ်သင်းနံ့ကို မရည်ရွယ်ပဲ ကျွန်တော်ရှူရှိုက်လိုက်မိသည်။

ယောက်ျားသားတို့အတွက် လိင်စိတ်နိုးကြွပုံ နှစ်မျိုးနှစ်စားရှိသည်ဟု ကျွန်တော်ထင်ပါသည်။ ပထမတစ်မျိုးမှာ လိင်တံအတွင်းမှ တောင့်တင်းလာပြီး လိင်ဆက်ဆံလိုစိတ် လွန်စွာပြင်းပြလာခြင်းမျိုး ဖြစ်သည်။ အချို့သော လိင်ဆွဲဆောင်မှု ပြင်းသော မိန်းမများသည် သူတို့ကို တွေ့လိုက်သည်နှင့် ယောက်ျားသားတို့၏ လိင်အင်္ဂါကို တောင့်တင်းနိုးကြွ လာစေနိုင်သည်။ ဒုတိယ လိင်စိတ်နိုးကြွပုံမှာကား ထိုသို့မဟုတ်ပေ။ ယောက်ျားတစ်ယောက်အနေနှင့် မိန်းမတစ်ယောက်ကို တွေ့လိုက်သောအခါ၊ ထိုမိန်းမ၏ ကိုယ်နံ့ကို ရှူလိုက်ရသောအခါ၊ ထိုမိန်းမ၏ အသံကို ကြားလိုက်ရသောအခါ လိင်တံတစ်ခုတည်းတွင်သာမကပဲ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးစီးဆင်းမှုများ အဆတစ်ရာ ပိုများသွားသလို၊ ကိုယ်ခန္ဓာသာမက စိတ်ပိုင်းဆိုင်ရာပါ ဆောက်တည်ရာမရတော့ပဲ ကပြောင်းကပြန်ဖြစ်သွားသလို ခံစားရတတ်လေသည်။ အဆိုပါ မိန်းမနှင့် လိင်ဆက်ဆံချင်ရုံသာမကတော့ပဲ မိမိခန္ဓာကိုယ်အတွင်းရှိ သွေးသားများနှင့် သူမ ခန္ဓာကိုယ်အတွင်းရှိ သွေးသားများ ရောနှောပစ်လိုက်ချင်၊ နှစ်ယောက်အဖြစ်မှ တစ်ယောက်တည်း တစ်ခုတည်း ဖြစ်သွားလိုက်ချင်စိတ်များ ပေါ်လာတတ်တော့သည်။ ယခု ကျွန်တော် ဖြစ်သွားပုံမှာ ဒုတိယ အမျိုးအစားအတိုင်း ဖြစ်လေသည်။
Title: Re: တဏှာ သားကောင်
Post by: freakshow on February 20, 2014, 05:22:23 AM
အိမ်အိုကြီး၏ ဧည့်ခန်းထဲတွင် မီးအိမ်အလင်းရောင်မှအပ မှောင်မဲနေလေသည်။ မီးအိမ်အလင်းရောင် အလှမ်းမီသည့်နေရာများကို သတိထားကြည့်မိလျှင်မူ အမှန်တကယ်ပင် ရှေးဟောင်းအိမ်ကြီးတစ်လုံး၏ အိမ်ထောင် ပရိဘောဂများကို တစ်စွန်းတစ်စ တွေ့ရှိနိုင်သည်။ ကျွန်တော့် စိတ်တွေကို တည်ငြိမ်အောင်ထိန်းရင်း စကားစပြောမိသည်။

'ကျွန်.. ကျွန်တော်.. လမ်းမှားလာတာထင်တယ်ခင်ဗျ... ကားသမားကို အိမ်နံပါတ် မှားပြောမိတာပဲ ဖြစ်လိမ့်မယ်.. အနှောင့်အယှက် ပေးမိရင် တောင်းပန်ပါတယ်...'

'ရှင်က ဘယ်အိမ်ကို သွားချင်တာလဲ..'

ကျွန်တော် ရုတ်တရက် အကျပ်ရိုက်သွားသည်။ အမှန်အတိုင်းပြောရန်ပဲ ဆုံးဖြတ်လိုက်ရသည်။ အယဉ်ကျေးဆုံးသော လေသံဖြင့်

'ကျွန်တော် အမူးလွန်လာလို့ပါ။ ကားဆရာကို ညအိပ်စရာ ဟိုတယ်တစ်ခုခုဆီ ပို့ပေးဖို့ ကျွန်တော် ပြောခဲ့တာ ခင်ဗျ.. '

သူမ၏ ဆွဲဆောင်မှု ရှိလွန်းသော နှုတ်ခမ်းများ အသာကော့တက်ပြီး ပြုံးသွားသည်။

'ဒါဆို ရှင် လမ်းမမှားပါဘူး။ ဒီမှာ အိပ်လို့ရပါတယ်...'

ကျွန်တော် အတော်လေးကို စိတ်သက်သာရာရသွားခဲ့သည်။ မီးပျက်ပြီး အားလုံး အိပ်နေကြလို့ပဲ ဖြစ်မှာဟု စိတ်ကို ဖြေလိုက်မိသည်။

'အစ်မက ဒီ ဟိုတယ်... အဲ.. ဒီအိမ်ပိုင်ရှင်လားဟင်..'

ကျွန်တော့်အတွင်းစိတ်ကို ဖောက်ထွင်းမြင်နိုင်သည်ဟု ထင်ရလောက်သည့် မျက်လုံးစူးစူးများဖြင့် သူမကျွန်တော့်ကို ကြည့်လိုက်သည်။

'ဆောရီးနော်.. အမှောင်ထဲမှာမို့လို့.. ကိုယ့်ထက် အသက်ငယ်မှန်း သတိမထားမိလို့ပါ.. မဟုတ်ပါဘူး.. အစ်မက ဒီမှာ ၀န်ထမ်းပါ.. ဘာလဲ မောင်လေးက အဖော်လိုလို့လား...'

ကျွန်တော် ကျွမ်းပြန်မိမတတ် ၀မ်းသာသွားမိသည်။ တစ်လောကလုံးကို မေ့သွားသလို။ ဖဲဝိုင်းမှာ သုံးတတ်သည့် ဘီဂင်နာလပ် လို့ပဲ ပြောရတော့မည်။ ကျွန်တော့် ကုသိုလ်ကံ ကို ကျွန်တော် မယုံနိုင်အောင် ဖြစ်နေမိသည်။

'ဟုတ်.. ကဲ့..  ကျွန်တော့်မှာ သိပ်တော့ မပါလို့ မေးပါရစေနော်.. ဒီမှာ တစ်ညတည်းခိုခနဲ့.. အဲ. ကျန်တာတွေအားလုံး ဘယ်လောက်ကျနိုင်မလဲဆိုတာ... ပြီးမှ မလောက်မှာ စိုးလို့ပါ'

မလောက်လျှင်လည်း သူငယ်ချင်းတစ်ယောက်ယောက်ဆီ ဖုန်းဆက်ပြီး လာပို့ခိုင်းမည်ဟု စိတ်ထဲမှ ဆုံးဖြတ်ထားပြီး ဖြစ်နေခဲ့သည်။

'မောင်လေးမှာ ဘယ်လောက်ပါသလဲ'

ကျွန်တော် အတုန်တုန်အရီရီဖြင့် ပိုက်ဆံအိတ်ကို ဘောင်းဘီထဲမှ ထုတ်ဖွင့်ပြီး ရေမိသည်။ ရှိသလောက် သူမကို ပြောပြလိုက်သည်။

'လောက်ပါတယ်.. မပူပါနဲ့.. ကဲ လာ ။ အစ်မနောက်လိုက်ခဲ့'
Title: Re: တဏှာ သားကောင်
Post by: freakshow on February 24, 2014, 06:05:10 AM
သူမက ပြောပြောဆိုဆိုနှင့် ရုတ်တရက် ချာကနဲ လှည့်ထွက်သွားသည်။ ကျွန်တော်လည်း ရင်တုန်ပန်းတုန်ဖြင့် သူမ အနောက်မှ မီးအိမ်အလင်းရောင်အတိုင်း အမီလိုက်ခဲ့ရသည်။ အိမ်ကြီး၏ အတွင်းပိုင်းတည့်တည့်ကို သူမ ၀င်သွားသည်။ အရက်မူးနေ၍ပဲလော သို့မဟုတ် မီးရောင်က မှုန်နေ၍လော မပြောတတ်။ မြင်ရသည့် မြင်ကွင်းမှာ မီးအိမ်အလင်းရောင်ကျရောက်သည့်နေရာများမှလွဲ၍ မှုန်ဝါးပြီး မပြတ်မသားဖြစ်နေသည်။

သူမကို မီအောင်လိုက်ရင်း သူမ၏ ခန္ဓာကိုယ်အနောက်ပိုင်းအလှကို ကျွန်တော် ခိုးကြည့်စရာမလိုပဲ တ၀ကြီး ငမ်းနေမိတော့သည်။ မီးရောင်က အပေါ်ပိုင်းမှ ဖြာကျနေရာ သူမ၏ ည၀တ်ဂါဝန်အပါးကို ဖြတ်ပြီး သူမတစ်ကိုယ်လုံးကို အရိပ်ရုပ်သေးပိတ်ကားပေါ်တွင် ပြသနေသည့်အလားရှိတော့သည်။ သေးသွယ်လှသော ခါးမှ ပြန့်ကားထွက်သွားသော သူမ တင်ပါးစိုင်ကြီးများကို မယုံနိုင်စွာ ကျွန်တော် ငေးကြည့်နေမိသည်။ ထို တင်ပါးကြီးများဖြင့်သာ ဆွဲညှစ်လိုက်လို့ကတော့ ဟု တွေးမိသဖြင့် ဂလုကနဲ တံတွေးကို မျိုချလိုက်ရသည်။

လမ်းလျှောက်ရသည်မှာ မဆုံးနိုင်အောင်ရှိတော့သည်။ အခန်းပေါင်းများစွာအကြားက အကွေ့အကောက်တွေ များလှသော စင်္ကြံရှည်ကြီးတလျှောက် သွားနေရသည်ကို သတိပြုမိသည်။ စင်္ကြံအတိုင်းလျှောက်ရင်း ဘေးတဘက်တချက်မှ အခန်းများကို သတိထားမိသည်။ အခန်းများအားလုံး တံခါးတွေပိတ်ထားကြသည်။ အိမ်ကြီးမှာ မည်မျှထိ ကြီးမားပါသနည်း။ ခြေလှမ်းပေါင်းများစွာ လျှောက်ပြီးသည်အထိ လိုရာကို မရောက်နိုင်သေး။ ရုတ်တရက်ဆိုသလို တစ်စုံတခုကို ကျွန်တော်၏ မျက်လုံးထောင့်ထဲတွင် သတိထားမိလိုက်သည်။ စင်္ကြံညာဘက်မှ အခန်းတစ်ခန်း၏ တံခါးမှာ တ၀က်မျှပွင့်နေသည်ကို အမြင်အာရုံအစွန်အဖျားမှ ဖျတ်ကနဲမြင်လိုက်သည်။ အမျိုးသမီး၏နောက်မှ လိုက်နေရင်း ခေါင်းကိုအသာလှည့်ကာ ပွင့်နေသောအခန်းထဲကို လှမ်းကြည့်လိုက်မိသည်။ ကျွန်တော့် ခြေလှမ်းတွေ နှေးသွားသည်။ ကျွန်တော့် မျက်လုံးသူငယ်အိမ်တွေ ရုတ်တရက် ကျယ်သွားသည်။ အဆိုပါ အခန်းတံခါးက တကျွီကျွီအသံပြုပြီး ဖြည်းညင်းစွာ သူ့အလိုလို ပွင့်လာသည်။ တဖြည်းဖြည်းနှင့် အခန်းတံခါး အဆုံးအထိ ပွင့်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မီးအိမ်အလင်းရောင်မှအပ အမှောင်အတိကျ၍နေသည်။ ကျွန်တော့်အရှေ့မှ အမျိုးသမီးက ရှေ့သို့သာ ဆက်လျှောက်မြဲလျှောက်လျက်ရှိသည်။ ကျွန်တော် ခဏရပ်ပြီး တံခါးပွင့်နေသော အခန်းထဲကို စူးစမ်းစွာ ကြည့်လိုက်သည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်တော် ကြောက်လန့်ပြီး ထခုန်မိလေသည်။ အခန်းထဲရှိ ပွင့်နေသော တံခါးအနောက်တွင် မတ်တတ်ရပ်နေသော မိန်းမကြီးတစ်ယောက်။ မိန်းမကြီးမှာ ၀၀ဖိုင့်ဖိုင့်နှင့် အသက်ငါးဆယ်ကျော်လောက်ရှိပုံရလေသည်။ ဘာအ၀တ်အစားကိုမှ မ၀တ်ထားဘဲ ကျွန်တော့်ကို ပြုံးပြုံးကြီး စိုက်ကြည့်နေသည်။ သူမ၏ မျက်နှာကြီးတစ်ခုလုံးတွင် ပေါင်ဒါတွေ ဖွေးဖြူနေအောင် လိမ်းထားပြီး နှုတ်ခမ်းနီကို ရဲတောက်နေအောင် ဆိုးထားလေသည်။ သူမ၏ နို့အုံကြီးများမှာ ဖောင်းထွက်နေသော ဗိုက်လုံးကြီး၏ ဘေးတစ်ဘက်တစ်ချက် ဆီသို့ တွဲကျနေသည်။ ဗိုက်ကြီးမှာလည်း အောက်သို့ စူထွက်လျော့ကျနေရာ ပေါင်ကြားမှ မိန်းမအင်္ဂါကိုပင် မမြင်နိုင်အောင် ရှိတော့သည်။ ရုတ်တရက် အခန်းတံခါးပြန်ပိတ်သွားသည်။ ကျွန်တော်လည်း အသက်ကို မှန်အောင် ပြန်ရှူရင်း အတော်လှမ်းသွားသော ကျွန်တော့်အရှေ့မှ အဖော်ဆီသို့ အမီပြန်လိုက်ရလေသည်။

No comments:

Post a Comment